Other Business  »

အိမ်တိုင်ရာရောက် ကျန်းမာရေးပြုစုကုသခြင်းဆိုင်ရာ လုပ်ငန်း

ရွှေဇနကအများနှင့် သက်ဆိုင်သော ကုမ္ပဏီနှင့်တော်ဝင်ပါရမီ ဇီဝသိပ္ပံ ကုမ္ပဏီ လီမိတက်တို့ပူးပေါင်းဆောင်ရွက်ခြင်း

 

ဘာကြောင့်လုပ်ရန် လိုအပ်ပါသလဲ။

၁။ လူနာသယ်ယူပို့ဆောင်ရန် အခက်အခဲများရှိခြင်း။

၂။ သယ်ယူပို့ဆောင်ခြင်းကြောင့် လူနာရောဂါ အခြေအနေ ပိုမိုဆိုးရွားလာနိုင်ခြင်း။

၃။ မိမိနေအိမ်မှ ခွဲခွာ၍ ဆေးရုံ၊ ဆေးခန်းသို့ သွားရမည်ကို ကြောက်ရွံခြင်း။

၎။ နာတာရှည်ရောဂါသည်များ၊ သက်ကြီးရွယ်အိုများ ဆေးရုံသို့ သွားရမည်ကို ကြောက်ရွံ့ခြင်း။

၅။ ဆေးရုံ၊ ဆေးခန်းသို့ လူနာနှင့်အတူ လိုက်ပါရန် အဖော်မရှိခြင်း။

၆။ ဆေးခန်း၊ ဆေးရုံများတွင် အချိန်ကြာမြင့်စွာ တန်းစီစောင့်ရသော အခြေအနေကို ကျော်လွှားနိုင်ခြင်း။

၇။ အရည်အချင်း ပြည့်မှီသော ဆရာဝန်ကို လွယ်လင့်တကူ အိမ်တိုင်ရာရောက် လာရောက်ကုသပေးရန် ခေါ်ဆိုနိုင်ခြင်း။

၈။ ရောဂါစစ်ဆေးခြင်းနှင့် ကုသရန်၊ သွေးဖောက်ရန်၊ ဆေးသွင်း/ထည့်ရန်၊ ECG ရိုက်ရန်၊ ဓာတ်မှန်ရိုက်ရန်၊ Physiotherapy လုပ်ဆောင်ရန် ကိစ္စများအတွက် ဆေးရုံ၊ ဆေးခန်းသို့ တကူးတက အချိန်ယူသွားရောက်ရခြင်း။

၉။ ကျန်းမာရေးဝန်ဆောင်မှုများကို အချိန်တိုတိုအတွင်း ဆောင်ရွက်နိုင်ခြင်း။

ရည်ရွယ်ချက်

အိမ်တိုင်ရာရောက် ဆေးစစ်ခြင်း၊ ဆေးကုသပေးခြင်းဖြင့် သက်တောင့်သက်သာနှင့် ရောဂါများကို အချိန်မီ ရှာဖွေကုသနိုင်ပြီး ကြီးငယ်မရွေး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစေရန် ရည်ရွယ်ပါသည်။

ကောင်းကျိုးရလဒ်များ

  • မိမိနေအိမ်တွင် သက်တောင့်သက်သာ ဆေးကုသမှု ခံယူနိုင်ခြင်း။
  • လူနာများ ဆေးရုံ၊ ဆေးခန်းသို့ ကားကျပ်သည့်ကြားမှ စိတ်ပင်ပန်းစွာ သွားရန်မလိုခြင်း။
  • လူနာစောင့် လိုက်ပါပို့ဆောင်ရန် မလိုအပ်ခြင်း။
  • ရောဂါများကို လွယ်လင့်တကူ ကြိုတင်ကာကွယ်နိုင်ခြင်း၊ စစ်ဆေးနိုင်ခြင်း၊ စောစီးစွာကုသနိုင်ခြင်းဖြင့် မိသားစု ကျန်းမာရေးအခြေအနေကို အထောက်အကူပြုနိုင်ခြင်း။
  • သယ်ယူပို့ဆောင်ခြင်းကင်း၍ လူနာအခြေအနေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်း။
  • ယုံကြည်စိတ်ချသော ဆရာဝန်၊ ဆရာမ အပါအ၀င် ဆေးကုသမှုပေးမည့် အဖွဲ့ကို လွယ်လင့်တကူ အချိန်မကြန့်ကြာဘဲ လက်လှမ်းမှီ ရယူနိုင်ခြင်း။
  • လိုအပ်မည့် ဆေးကုသမှု အထောက်အပံ့များ (ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်း၊ Ultrasound ရိုက်ခြင်း၊ နှလုံးကို ECG ဖြင့် စစ်ဆေးခြင်း) များကို လိုအပ်သလို ကျွမ်းကျင်ပညာရှင်များမှ အိမ်တွင်လာရောက် ဆောင်ရွက်ပေးနိုင်ခြင်း။
  • သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းဖြစ်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို အိမ်မကွာ၊ အိုးမကွာ ဆောင်ရွက်ပေးနိုင်ခြင်း။
  • နာတာရှည် ဖြစ်နေသူများနှင့် ရောဂါနောက်ဆုံးအခြေအနေတွင် ရှိနေသော လူနာများ သက်သာရာ သက်သာကြောင်း ကုသစောင့်ရှောက်ပေးခြင်း။

 

အိမ်တိုင်ရာရောက် ကျန်းမာရေးဆိုင်ရာ ပြုစုကုသခြင်း လုပ်ငန်းစဉ်

  • အိမ်တိုင်ရာရောက် ကျန်းမာရေး ကုသစောင့်ရှောက်ခြင်း။
  • အရေးပေါ် အခြေအနေများကို စစ်ဆေးကုသခြင်းဖြင့် အရေးပေါ် အသက်ကယ်လုပ်ငန်းကို အထောက်အကူပြုခြင်း။
  • ရောဂါကာကွယ်ခြင်း၊ ရောဂါများနှင့် ကျန်းမာရေးအခြေအနေများ စစ်ဆေးရှာဖွေခြင်း။
  • လူနာမိသားစု၏ တောင်းဆိုခေါ်ယူခြင်းအရ အောက်ပါတို့ကို ဆောင်ရွက်ခြင်း
  • ကာကွယ်ဆေးထိုးခြင်း။
  • အကြောဆေး သွင်းခြင်း။
  • ဆီး၊ ၀မ်း၊ သွေး၊ ဓာတ်ခွဲ စစ်ဆေးခြင်း။
  • X-Ray / ECG / Ultrasound ဆောင်ရွက်ပေးခြင်း။
  • ဆီးချခြင်း၊ နှာခေါင်းပိုက် သွင်းပေးခြင်း။
  • အောက်ဆီဂျင် ပေးခြင်း။
  • ကိုယ်လက်လေ့ကျင့်ခန်း (Physiotherapy)
  • ဘ၀၏ နောက်ဆုံးအခြေအနေတွင် သက်တောင့်သက်သာဖြစ်အောင် ကုသမှုပေးခြင်း။

အိမ်တိုင်ရာရောက် ကျန်းမာရေးအဖွဲ့

  • အရေးပေါ် အသက်ကယ် သင်တန်းဆင်းပြီး ဆရာဝန် (EMO)
  • လိုအပ်ပါက (သို့) တောင်းဆိုပါက အထူးကု/ Physician / Senior Medical Officer လိုက်ပါခြင်း။
  • သူနာပြုဆရာမ။
  • သူနာပြုအကူ။
  • အိမ်တိုင်ရာရောက် သတ်မှတ်ထားသည့် ကားမောင်းနှင့်ကား။

အဖွဲ့တာဝန်ခံ ဆရာဝန်သည် လိုအပ်ပါက ပါရမီဆေးရုံရှိ Telemedicine Home Base (Central HUB) နှင့် ဆက်သွယ်ကာ သက်ဆိုင်ရာ အထူးကုနှင့် တိုင်ပင်ဆွေးနွေးနိုင်သည်။

 

hhc (Face)hhc (Back)

 

 

————————————————————————————————————————————————————————-

အိမ်တိုင်ယာရောက် သူနာပြု ဝန်ဆောင်မှုလုပ်ငန်း

ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသမှုခံယူနေသော လူနာများအတွက် ပြုစုရန် သူနာပြုအကူ လိုအပ်နေပါသလား?

သက်ကြီးရွယ်အို အဖိုးအဖွားများကို မိသားစုသဖွယ် ပြုစုရန် စိတ်ချရမည့်သူ လိုအပ်ပါသလား?

  • မွေးကင်းစကလေး ပြုစုစောင့်ရှောက်မှု့အတွက် ကျွမ်းကျင်သော ကလေးစောင့်ရှောက်သူ လိုအပ်နေ ပါသလား?
  • နာတာရှည်လူမမာများကို ပြုစုစောင့်ရှောက်မည့်သူ လိုအပ်နေပါသလား?

မိတ်ဆွေတို့ ၏ လိုအပ်ချက်များ အားလုံးကို မြ ပညာ့ရိပ်မွန် အသက်မွေးမှု အတတ်သင်ကျောင်း ၏ အိမ်တိုင်ယာရောက် သူနာပြုစုမှု ဝန်ဆောင်လုပ်ငန်းမှ ဖြည့်ဆီးပေးနိုင်ပါသည်။

ဤ အိမ်တိုင်ယာရောက် သူနာပြုစုမှု ဝန်ဆောင်မှု လုပ်ငန်းမှ သူနာပြုအကူများ ငှားရမ်းခြင်းဖြင့်

  • ပထမဆုံးအကြိမ် လူနာနှင့်တွေ့ဆုံခြင်းတွင် ကျွမ်းကျင်သော သူနာပြုဆရာမကြီးများကိုယ်တိုင် လိုက်ပါ၍ လူနာအတွက် သူနာပြုစုမှုဆိုင်ရာ လိုအပ်ချက်များကို ဆန်းစစ်ပေးခြင်း
  • မြ ပညာ့ရိပ်မွန် အသက်မွေးမှု လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်းမှ သင်တန်းပြီးမြောက်ထားသော သူနာပြု အကူများ၏ ကျွမ်းကျင်သော ပြုစုစောင့်ရှောက်မှု
  • ထိုဆန်းစစ်မှုပေါ်မူတည်၍ သက်ဆိုင်ရာ သူနာပြုအကူမှ နည်းစနစ်မှန်စွာဖြင့် ပြုစုစောင့်ရှောက်မှု
  • နာတာရှည် လူနာနှစ်ပတ်လျှင် တကြိမ်ကျ ကြီးကြပ်သူ သူနာပြုဆရာမကြီးများမှ လိုက်လံ၍ လူနာအခြေအနေဆန်းစစ်ခြင်း၊ သူနာပြုအကူများနှင့် ပတ်သက်သော လိုအပ်ချက်များကို မေးမြန်းခြင်း၊ လိုအပ်ချက်များ ရှိလျှင် ပြုပြင်ပေးခြင်း စသည့် စိတ်ကျေနပ်ဖွယ် သူနာပြု ဝန်ဆောင်မှုများကို ရရှိနိုင်မည် ဖြစ်ပါသည်။

မြ ပညာ့ရိပ်မွန် အသက်မွေးမှု လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း   အမှတ် ၆၂ (က)၊ သံသုမာလမ်းမကြီး၊ သွား/ဆေးတက္ကသိုလ် အနီး၊ သစ်စက်မှတ်တိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဖုန်း- ၀၁၈၅၅၀၆၀၈ သို့ တနင်္လာနေ့မှ စနေနေ့ အထိ (မနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း) ဆက်သွယ် ခေါ်ယူနိုင်ပါသည်။

————————————————————————————————————————————————————————-

Medical Tourism through medical insurance and networking with Sametivej Hospital group of Thailand who has established an International Clinic at the Parami General Hospital-Yangon.

  • Medical Tourism Through Medical Insurance
  • Real estate development
  • Land scaping and construction
  •  Agrobusiness
  • Health leisure resorts development
  • Technology transfer and assistance of cottage industries, etc.
  • Developing and marketing of smiple health and medical record HMS software, simple community survey design, technology packages, training of trainers and evaluation packages.
Future Plans

 

GZP has grand goals for the future, indeed necessary to meet the challenges facing Myanmar and the people of Myanmar. The training plans and courses of GZP must systematically lead to international level university which is recognized worldwide. It has been done before and it will be done again; education in Myanmar will regain the golden era again. The life saving emergency medical service initiated and developed in private health sector must become a nationwide network. Telemedicine service started in pilot center will expand nationwide as private public partnerships. Factors such as societal changes, environment, economics, work opportunities and housing are important infl uences for human health status and need to be addressed for development.

Gallery