Home Health Care  »

Home Health Care

This service is especially beneficial for those patients who have significant difficulty travelling or are unable to travel for needed medical care because of

  1. severe mobility impairments
  2. terminal illness
  3. when travel is contraindicated due to the person’s chronic condition
  4. severe pain
  5. when medical providers at a physician’s office and / or transportation providers refuse to provide services due to an individual’s disruptive behavior
  6. the home visit is cost-effective
  7. where transportation to medical appointment is limited due to geographical considerations.

 

Services Rendered

  • 3 Major services

: Regular/Routine Health Services

: Emergency Medical Services

: Palliative Medical Services

  • Services include clinical evaluation and treatment, laboratory services, imaging services and physiotherapy services.
  • Other services available are ECG, Parenteral Injection, Intravenous infusion, Immunization, Change of catheter, etc.

Regular Services

  • Routine physical examination, routine screening for diseases appropriate for the individuals.
  • Health maintenance services: life style modification, balanced diet, injury prevention.
  • Rehabilitation: post CVA, post any acute illnesses, etc.
  • Post hospital care services to monitor the condition of the patients and to re-condition the patients.

Emergency Medical Services

  • Traumatic and Non-traumatic
  • Medical / Surgical / Pediatric
  • Therapeutic and diagnostic procedure and management
  • Resuscitation, stabilization, transportation

Palliative Services

  • Confortable well-being
  • Pain management issue
  • Nutritional/ hydration issue
  • Mental well-being
  • End of life moment

 

အိမ်တိုင်ရာရောက် ကျန်းမာရေးပြုစုကုသခြင်းဆိုင်ရာ လုပ်ငန်း

ရွှေဇနက အများနှင့် သက်ဆိုင်သော ကုမ္ပဏီနှင့်တော်ဝင်ပါရမီဇီဝသိပ္ပံ္ပ ကုမ္ပဏီ လီမိတက်တို့ပူးပေါင်းဆောင်ရွက်ခြင်း

 ဘာကြောင့်လုပ်ရန် လိုအပ်ပါသလဲ။

၁။ လူနာသယ်ယူပို့ဆောင်ရန် အခက်အခဲများရှိခြင်း။

၂။ သယ်ယူပို့ဆောင်ခြင်းကြောင့် လူနာရောဂါ အခြေအနေ ပိုမိုဆိုးရွားလာနိုင်ခြင်း။

၃။ မိမိနေအိမ်မှ ခွဲခွာ၍ ဆေးရုံ၊ ဆေးခန်းသို့ သွားရမည်ကို ကြောက်ရွံခြင်း။

၎။ နာတာရှည်ရောဂါသည်များ၊ သက်ကြီးရွယ်အိုများ ဆေးရုံသို့ သွားရမည်ကို ကြောက်ရွံ့ခြင်း။

၅။ ဆေးရုံ၊ ဆေးခန်းသို့ လူနာနှင့်အတူ လိုက်ပါရန် အဖော်မရှိခြင်း။

၆။ ဆေးခန်း၊ ဆေးရုံများတွင် အချိန်ကြာမြင့်စွာ တန်းစီစောင့်ရသော အခြေအနေကို ကျော်လွှားနိုင်ခြင်း။

၇။ အရည်အချင်း ပြည့်မှီသော ဆရာဝန်ကို လွယ်လင့်တကူ အိမ်တိုင်ရာရောက် လာရောက်ကုသပေးရန် ခေါ်ဆိုနိုင်ခြင်း။

၈။ ရောဂါစစ်ဆေးခြင်းနှင့် ကုသရန်၊ သွေးဖောက်ရန်၊ ဆေးသွင်း/ထည့်ရန်၊ ECG ရိုက်ရန်၊ ဓာတ်မှန်ရိုက်ရန်၊ Physiotherapy လုပ်ဆောင်ရန် ကိစ္စများအတွက် ဆေးရုံ၊ ဆေးခန်းသို့ တကူးတက အချိန်ယူသွားရောက်ရခြင်း။

၉။ ကျန်းမာရေးဝန်ဆောင်မှုများကို အချိန်တိုတိုအတွင်း ဆောင်ရွက်နိုင်ခြင်း။

ရည်ရွယ်ချက်

အိမ်တိုင်ရာရောက် ဆေးစစ်ခြင်း၊ ဆေးကုသပေးခြင်းဖြင့် သက်တောင့်သက်သာနှင့် ရောဂါများကို အချိန်မီ ရှာဖွေကုသနိုင်ပြီး ကြီးငယ်မရွေး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစေရန် ရည်ရွယ်ပါသည်။

ကောင်းကျိုးရလဒ်များ

  • မိမိနေအိမ်တွင် သက်တောင့်သက်သာ ဆေးကုသမှု ခံယူနိုင်ခြင်း။
  • လူနာများ ဆေးရုံ၊ ဆေးခန်းသို့ ကားကျပ်သည့်ကြားမှ စိတ်ပင်ပန်းစွာ သွားရန်မလိုခြင်း။
  • လူနာစောင့် လိုက်ပါပို့ဆောင်ရန် မလိုအပ်ခြင်း။
  • ရောဂါများကို လွယ်လင့်တကူ ကြိုတင်ကာကွယ်နိုင်ခြင်း၊ စစ်ဆေးနိုင်ခြင်း၊ စောစီးစွာကုသနိုင်ခြင်းဖြင့် မိသားစု ကျန်းမာရေးအခြေအနေကို အထောက်အကူပြုနိုင်ခြင်း။
  • သယ်ယူပို့ဆောင်ခြင်းကင်း၍ လူနာအခြေအနေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်း။
  • ယုံကြည်စိတ်ချသော ဆရာဝန်၊ ဆရာမ အပါအ၀င် ဆေးကုသမှုပေးမည့် အဖွဲ့ကို လွယ်လင့်တကူ အချိန်မကြန့်ကြာဘဲ လက်လှမ်းမှီ ရယူနိုင်ခြင်း။
  • လိုအပ်မည့် ဆေးကုသမှု အထောက်အပံ့များ (ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်း၊ Ultrasound ရိုက်ခြင်း၊ နှလုံးကို ECG ဖြင့် စစ်ဆေးခြင်း) များကို လိုအပ်သလို ကျွမ်းကျင်ပညာရှင်များမှ အိမ်တွင်လာရောက် ဆောင်ရွက်ပေးနိုင်ခြင်း။
  • သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းဖြစ်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို အိမ်မကွာ၊ အိုးမကွာ ဆောင်ရွက်ပေးနိုင်ခြင်း။
  • နာတာရှည် ဖြစ်နေသူများနှင့် ရောဂါနောက်ဆုံးအခြေအနေတွင် ရှိနေသော လူနာများ သက်သာရာ သက်သာကြောင်း ကုသစောင့်ရှောက်ပေးခြင်း။

အိမ်တိုင်ရာရောက် ကျန်းမာရေးဆိုင်ရာ ပြုစုကုသခြင်း လုပ်ငန်းစဉ်

  • အိမ်တိုင်ရာရောက် ကျန်းမာရေး ကုသစောင့်ရှောက်ခြင်း။
  • အရေးပေါ် အခြေအနေများကို စစ်ဆေးကုသခြင်းဖြင့် အရေးပေါ် အသက်ကယ်လုပ်ငန်းကို အထောက်အကူပြုခြင်း။
  • ရောဂါကာကွယ်ခြင်း၊ ရောဂါများနှင့် ကျန်းမာရေးအခြေအနေများ စစ်ဆေးရှာဖွေခြင်း။
  • လူနာမိသားစု၏ တောင်းဆိုခေါ်ယူခြင်းအရ အောက်ပါတို့ကို ဆောင်ရွက်ခြင်း
  • ကာကွယ်ဆေးထိုးခြင်း။
  • အကြောဆေး သွင်းခြင်း။
  • ဆီး၊ ၀မ်း၊ သွေး၊ ဓာတ်ခွဲ စစ်ဆေးခြင်း။
  • X-Ray / ECG / Ultrasound ဆောင်ရွက်ပေးခြင်း။
  • ဆီးချခြင်း၊ နှာခေါင်းပိုက် သွင်းပေးခြင်း။
  • အောက်ဆီဂျင် ပေးခြင်း။
  • ကိုယ်လက်လေ့ကျင့်ခန်း (Physiotherapy)
  • ဘ၀၏ နောက်ဆုံးအခြေအနေတွင် သက်တောင့်သက်သာဖြစ်အောင် ကုသမှုပေးခြင်း။

အိမ်တိုင်ရာရောက် ကျန်းမာရေးအဖွဲ့

  • အရေးပေါ် အသက်ကယ် သင်တန်းဆင်းပြီး ဆရာဝန် (EMO)
  • လိုအပ်ပါက (သို့) တောင်းဆိုပါက အထူးကု/ Physician / Senior Medical Officer လိုက်ပါခြင်း။
  • သူနာပြုဆရာမ။
  • သူနာပြုအကူ။
  • အိမ်တိုင်ရာရောက် သတ်မှတ်ထားသည့် ကားမောင်းနှင့်ကား။

အဖွဲ့တာဝန်ခံ ဆရာဝန်သည် လိုအပ်ပါက ပါရမီဆေးရုံရှိ Telemedicine Home Base (Central HUB) နှင့် ဆက်သွယ်ကာ သက်ဆိုင်ရာ အထူးကုနှင့် တိုင်ပင်ဆွေးနွေးနိုင်သည်။

 

hhc (Face)hhc (Back)

Gallery